သတိပေးချက် နိုင်ငံရေးနှင်.ပတ်သက်သော စာပေများ မရေးပါ

Thursday, February 18, 2010

150-အာကြီး-အပြစ်မတင်ရက်ပါ

Tuesday, February 2, 2010

149-လူဘ၀ ဆိုတာဘာလဲ?

လူမျိုး အချင်းချင်းတိုက်ခိုက်ဖို.လား?လူမျိုး အချင်းချင်း သတ်ဖြတ်ဖို.လား?လူမျိုး အချင်းချင်း ပြန်လည်ညှင်းစဲဖို.လား?လူမျိုး အချင်းချင်း မကောင်းပြောဖို.လား?လူမျိုး အချင်းချင်းနှိမ်.ချဖို.လား?ဒီမှာကိုယ်.လူ လူလောကမှာ ကိုယ်.လူမျိုး အချင်းချင်းမပြောနဲ. တချား လူမျိုးတစ်ယောက်ကိုတောင် လူလူချင်းစာနာဖို. သနားဖို.ကို ငါ.တို.ရဲ.ဂေါတမ မြတ်စွာဘုရား က ဟောခဲ.တာ မမေ.နဲ.။ဘယ်နေရာကိုရောက်ရောက် ဘယ်နိုင်ငံကိုရောက်ရောက် မင်းဟာမြန်မာဟာမြန်မာပါပဲ။မင်းကမြန်မာပြည်ကလာတဲ.အတွက် ငါ.တို.မြန်မာရဲ. ဓလေ.ထုံးတန်းစဉ်လာကို မမေ.နဲ. မြန်မာတွေရဲ ယဉ်ကျေးမှုကိုမမေ.နဲ. မင်းဟာ မြန်မာဆိုရင် ငါရေးတဲ.စာကိုဖတ်တတ်မယ် ဒီစာကိုဖတ်နေတဲ.အချိန်မှာ မင်းဟာ မြန်မာသွေးတို.နိုးကြွ ရှင်သန်လာလိမ်.မယ် မြန်မာဟာ ဘယ်နေရာရောက်ရောက် သူများကိုအောက်ကျဖို.မလိုသလို. မြန်မာဟာ ဘယ်တော.မှ လဲဒူးထောက်မှာမဟုတ်ဘူး အေး ခေတ်မကောင်းသေးလို.သာရူးချင်ယောင်သာဆောင်နေလိုက်ပါ။ ငါ.တို.ရင်ထဲမှာမှတ်ထား နာကြီးရမှာက နိုင်ငံခြားတိုင်းပြည်တွေမှာ ဘယ်လို.နေခဲ.ရတယ် ဘယ်လို.ဒုက္ခ ရောက်ခဲ.ရတယ် ဘယ်လို.နှိမ်.ချခံရတယ်ဆိုတာကိုဘဲ။မင်းသာမြန်မာသွေး ပါခဲ.မယ်ဆိုရင် မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီပါလို. မှာချင်တယ် မင်းသာနိုင်ငံခြားတိုင်းပြည်မှာ မြန်မာလူမျိုးတစ်ယောက်ကို ဒုက္ခရာက်အောင် လုပ်ခဲ.မယ်ဆိုရင် မင်းဟာအမျိုး မစစ်တော.ဘူးလို. ငါတတ်အပ်ပြောနိုင်တယ်...........မည်သူ.ကိုမှ မရည်ရွယ်ပါ

148-ချစ်သူများနေ.တဲ.လား?

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...

လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'


ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....


အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ ... ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို ...
သူတို့ ရင်ခုန်နေကြတယ် ...
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ....၀န်ခံချက်*harrylwin.blogspot.com *မှကူးယူဖော်ပြပါသည်